LooYarMay
Refund Policy
နောက်ဆုံးပြင်ဆင်သည့်နေ့: ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၆ ရက်
LooYarMay မှာ Customer တစ်ယောက်ချင်းစီရဲ့ အတွေ့အကြုံနဲ့ ပေးချေထားတဲ့ငွေကြေးကို အလေးထားပါတယ်။ Expert Service ကို မရရှိခဲ့ခြင်း သို့မဟုတ် LooYarMay ဘက်မှ ဖြစ်ပေါ်လာသော နည်းပညာ ပြဿနာများကြောင့် Customer များမနစ်နာစေရန် အောက်ပါ Refund Policy ကို သတ်မှတ် အသုံးပြုထားပါတယ်။
1. Full Refund
အောက်ပါအခြေအနေများတွင် Customer မှ Full Refund တောင်းခံနိုင်ပါသည်။
- Expert မှ Request ကို လက်ခံပြီး Service မပေးနိုင်ခြင်း
- Expert မှ သတ်မှတ်ထားသောအချိန်အတွင်း မတုံ့ပြန်ခြင်း
- Technical Issue ကြောင့် Service ကို မရရှိနိုင်ခြင်း
- Payment ပြုလုပ်ပြီးနောက် Expert ဘက်မှ Request ကို မဖြည့်ဆည်းနိုင်ခြင်း
2. Partial Refund
Service ကို တစ်စိတ်တစ်ပိုင်းသာ ရရှိခဲ့ခြင်း သို့မဟုတ် Service တွင် သိသာထင်ရှားသော ပြဿနာရှိခြင်းများတွင် LooYarMay Admin Team မှ အခြေအနေအလိုက် စစ်ဆေးပြီး Partial Refund သို့မဟုတ် Full Refund ပြုလုပ်ပေးနိုင်ပါသည်။
3. Customer မှ Cancel ပြုလုပ်ခြင်း
Expert မှ Request ကို လက်ခံခြင်း သို့မဟုတ် Service မစတင်မီ Customer မှ Request ကို Cancel ပြုလုပ်ပါက Refund ရရှိနိုင်ပါသည်။
Service စတင်ပြီးနောက် Customer မှ အကြောင်းပြချက်မရှိဘဲ Cancel ပြုလုပ်ပါက Refund ရရှိနိုင်မည်မဟုတ်ပါ။ သို့သော် အထူးအခြေအနေများတွင် Admin Team မှ Case-by-Case စစ်ဆေးပေးနိုင်ပါသည်။
4. Refund မရနိုင်သောအခြေအနေများ
အောက်ပါအခြေအနေများတွင် Refund မရနိုင်ပါ။
- Expert မှ သတ်မှတ်ထားသော Service ကို ပြည့်စုံစွာ ပေးပြီးဖြစ်ခြင်း
- Customer မှ Answer ကို မကြိုက်ခြင်းတစ်ခုတည်းကြောင့် Refund တောင်းခြင်း
- Customer ဘက်မှ ပေးထားသော အချက်အလက်မပြည့်စုံမှုကြောင့် ဖြစ်ပေါ်လာသော ပြဿနာများ
- Refund Policy သို့မဟုတ် LooYarMay Terms & Conditions ကို အလွဲသုံးစားပြု၍ Refund တောင်းခံခြင်း
5. Refund Request
Refund တောင်းခံလိုပါက သက်ဆိုင်ရာ Request နှင့် Payment အချက်အလက်များကို contact@looyarmay.com မှတစ်ဆင့် LooYarMay Admin Team ထံ ပေးပို့ရပါမည်။
Admin Team မှ အခြေအနေကို စစ်ဆေးပြီး Refund ရသင့်/မရသင့်နှင့် Refund ပမာဏကို ဆုံးဖြတ်ပေးပါမည်။
6. Refund Processing
Refund ကို အတည်ပြုပြီးပါက အသုံးပြုထားသော Payment Method အပေါ်မူတည်၍ သတ်မှတ်ထားသော Processing Time အတွင်း Customer ထံ ပြန်လည်ပေးချေပါမည်။
LooYarMay သည် Customer နှင့် Expert နှစ်ဖက်စလုံးအတွက် မျှတပြီး ယုံကြည်စိတ်ချရသော Platform ဖြစ်စေရန် Refund Request တစ်ခုချင်းစီကို LooYarMay Team မှ အခြေအနေအလိုက် စစ်ဆေးဆုံးဖြတ်ပါသည်။
